• ကျွန်ုပ်တို့ Shwe Bill service application တွင် အောင်မြင်စွာ မှတ်ပုံတင်ပြီးပါက password account number ကို ပေးပါမည်။

  • သင်ရရှိသည့် account ထဲသို့ ငွေဖြည့်သွင်းရပါမည်။

  • ဖြည့်သွင်းထားသည့်ငွေများကို သင်၏ sim card တွင် ငွေဖြည့်သွင်းရန်အတွက်နှင့် သင့်ထံမှတဆင့် သင်အလိုရှိသည့် အခြား sim card သို့ ငွေဖြည့်သွင်းရန်အတွက်သာ အသုံးပြုနိုင်ပါသည်။

  • သင်၏ account number ကို လုံခြုံစွာ ထိန်းသိမ်းရမည်။

  • သင်၏ phone account ထဲမှ ငွေများကို အခြားသူမှ မသမာသောနည်းဖြင့် ရယူသုံးစွဲခြင်းအပေါ် ကျွန်ုပ်တို့မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

  • ကျွန်ုပ်တို့ Shwe Bill service သည် သင်၏ phone account ထဲမှ ငွေများကို ရယူသုံးစွဲသည့် mobile phone number များကို အထောက်အထားအဖြစ် ရယူလိုပါက ထုတ်ပေးပါမည်။

  • သင်၏ phone account ထဲမှ လက်ကျန်ငွေများကို ကျွန်ုပ်တို့မှ မည်သည့်အကြောင်းနှင့်မျှ ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။

  • သင်၏ phone account ထဲမှ ငွေများကို sim card သို့ ငွေဖြည့်သွင်းရာတွင် အခက်အခဲရှိပါက ကျွန်ုပ်တို့ထံ အကြောင်းကြားရပါမည်။ ကျွန်ုပ်တို့မှ ကူညီဆောင်ရွက်ပေးပါမည်။

  • သင်၏ လက်ကိုင်ဖုန်း ပျက်စီးပျောက်ဆုံးပါက သင်၏ phone account ထဲမှ လက်ကျန်ငွေကို ဆက်လက်သုံးစွဲရန် နည်းလမ်းမသိပါက ကူညီဆောင်ရွက်ပေးပါမည်။

  • သင်၏ phone account ထဲမှ ငွေများကို အခြား sim card သို့ ဖြည့်သွင်းပေးရာတွင် ဥပဒေနှင့်မညီသော အသုံးပြုစေမှုများအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

  • သင်၏ phone account ထဲမှ လက်ကျန်ငွေများ ပြည့်စုံစွာ ရှိနေပါလျှက် sim card တစ်ခုခုသို့ ငွေဖြည့်သွင်းခြင်းမှာ အောင်မြင်မှုမရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။ ကျွန်ုပ်တို့မှ ကူညီဆောင်ရွက်ပေးပါမည်။